မွန်ရာဇဝင်/အခန်း-၁၀
Appearance
ဒွန်းစဏ္ဍားတို့ကို မွန်တို့မှာ တီ ဟူ၍ ခေါ်သည်။ တီဆရာတို့ကို သာသနာတော်ဖျက်သောသူဟူ၍ ရသမျှကို တွင်းတူး၍မြှုပ်လေသည်။ ကျန်ကြွင်းသသူတို့လည်း ချောင်းတခုတွင် လည်ကိုအိုးဆွဲ၍ သေသည်ကို ချောင်းတွင် အကုန်ဆုံးသည်ဆိုသည်ကို မွန်တို့မှာ တီလိုင်ချောင်း ဆိုသည်။ နောက် မြန်မာမင်းတို့ရောက်ရာတွင် မေးသည်ကို တီလိုင်ရပ် ဆိုသည်ကို တလိုင်းဟူ၍ ခေါ်ဝေါ်သမုတ်လေသည်ဟု ဆိုသည်။
တိဿမင်းလည်း ရတနာသုံးပါးကို ယုံကြည်၍ ရင့်မာသသူဖြစ်လျက် ယုတ်မာညစ်ညမ်းဆိုးသွမ်းလှသော အလဇ္ဇီရဟန်းတို့ကို ပေါင်းဘက်သဖြင့် အကျိုးကြီးနည်းရမည်ကို နောက်သောအခါ သူဌေးသ္မီးကို ပေါင်းဘက်ရာတွင်မှ သာသနာတော်ထွန်းတောက်ပအောင် ဆောင်ရွက်၍ တိဿမင်းနှင့် သုဘတ္တာဒေဝီမိဘုရားသည် ရွှေကျောင်း ရွှေပြာသာဒ်တို့နှင့် ပုထိုးစေတီ အများ တည်လုပ်၍ သာသနာတော်ကို အလွန်သဒ္ဓါစုံမက်ရွက်ဆောင်၍ အသက်နှင့်အမျှ မင်းပြု၍ အနိစ္စဖြစ်သည်။